Search This Blog

Search This Blog

Friday, August 10, 2012

ဆောက်တည်ရာမဲ့


လမ်းကြောင်းကိုကတစ်လမ်းသွားဖြစ်နေပုံပဲ

နှာသီးဖျားကနေမီးခိုးတွေလျှံကျလာတဲ့အထိ

ခဏခဏထုတ်ခြစ်နေမိသေးတယ်...

ဟုတ်တယ်မလား

ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးလေ

ရောဂါတစ်ခုဖြစ်တိုင်းတစ်ခါပျော်ရွှင်ရသလို

ခြံစည်းရိုးဖြုတ်ကြည့်ရင်ပိုကျယ်ဝန်းသွားမယ့်အကြောင်း

မတွေးမိဘူး မဟုတ်လား

လင်းနေရင်ဘယ်အလင်းမှမလင်းကြောင်း

နေ့စဉ်နဲ့အမျှဟောင်းနေခြင်း

ရေအတောက်ခံရတဲ့မီးစာ

သေခြင်းတရားကို

ငါ့အခန်းကငုံ့ကြည့်ရင် မြင်ရမယ်

ကမ္ဘာမပျက်ခင်ပြန်ခေါ်ပါ

ကျွန်တော့်ဖန်ခွက်ထဲမှာရေတစ်စက်မှမကျန်တော့ဘူး။


terry(9.8.2012)(535pm)

No comments:

Post a Comment