Search This Blog

Search This Blog

Tuesday, July 7, 2015

အရေးအသား ဘယ်သူ ငါ လဲ

နတ်ဘုရား တစ်ပါးက ဥချလိုက်တဲ့ နူကလီးယား လေထီးနဲ့
အလိုက်သင့်လေး လှေကလေးကိုလှော်မည် ငါ့ကျည် အမ
အက သေချာလေး မှေးနေ ဒီ တငါကျော်ရင် နောက်တငါ ထပ်ရောက်
လာဦးမှာပဲ မရမခြင်းကတော့ ငါတကောင်လို
ခု ငါလေငါလွင့်တွေ ခွေနေတဲ့ ၀ပ်ကျင်းထဲ
ဘယ်လောက်သိလို့လဲ ငါဖြစ်နေတဲ့ ၀ပ်ကျင်းထဲ
ရောက်ခဲ့ပြီးသမျှ ငါတိုင်းက နာမည်တပ်ခေါ်
ခံချင်ကြတယ် ဘယ်မှာလဲ အစစ်ငါရ
စစ် နဲ့ အရိုးပြိုင်းပြိုင်း ကျန်ခဲ့တဲ့ ရေစစ်လို
ငါသိမှု အနည်တွေနဲ့ ငါတကာယိုတဲ့ချီးပဲ
လူ့ အဖွဲ့ အစည်းပြေနေတဲ့ ငါ * ပြဖို့တောင်မတန်ဘူး
ဘယ်သူ့အတွက် ငါ အလုပ်လုပ်ရတာ ငါ
ကြာတော့ ငါကျကျတာပဲ ခလုတ်တိုက်တာနဲ့
တိုက်ပေါ်က ကျောရိုးက အစကွာတယ်
ငါ ခမျာ ဆောင်းတွင်း ရောက်တာနဲ့ ရာသီဆိုး
ကိုယ့်လက်တွေ ကိုယ့် အသက်ဓါတ်မျှပေး
ခွေးမဖြစ်ခဲ့ ဒါပေမယ့် ငါ လုံးလုံးဖြစ်လို့
ဒုက္ခကို ရီတဲ့ငါတွေနဲ့ပဲ ကြုံဖူးတယ် သူတပါး
ခြင်္သေ့တော့ ခွေးခြင်္သေ့ပဲ ဈေးလည်းကြီးတယ်
ချေးလည်းကြီးတယ် ငါ ရေချိုးပြီးပြီလား
ငါကိုယ်ငါသနားလိုက် မိမိကိုယ် သနားလိုက်
အရေးအကြောင်းဆို ဘယ်ငါမှ မရှိတော့ ငါအပေါ်မှီခို သာယာ
နာတာပျော်လား ငါ လောကထဲ ငါ ကြည်ချင်တာနဲ့ ၀င်လာ
ပြီးမှ ဖွတ်လည်းမထွက် ဓါးမလည်း သံချေးတက်
ယမ်းချေးပမ်း ဗျောက်အိုး ငါဟာ
ကောင်းကင်ကြီးပဲ ပင်လယ်ကြီးပဲ
ရေကြီးပြီးရောက်လာတဲ့ ငါး
ရေကြီးပြီးပြန်ပါသွားတယ် အဲ့လိုလား။


တယ်ရီ
26.6.2013


ဘာမှမဟုတ်သေးလို့၊သြော်၊ဆင်ထားတဲ့အရိုးငြမ်း

ဘာမှမဟုတ်သေးလို့၊သြော်၊ဆင်ထားတဲ့အရိုးငြမ်း

ပေါင်းတတ်ရင် ပေါင်းတတ်သလိုပေါင်းခံပုံအဆင့်ဆင့်နဲ့
ဆိုရှယ်စက်ဝိုင်း မှာမှန် ကြည့်ပြီးမှန် မမြင်ရပုံ
ရေကနေအဓိက ပြုလုပ်ထားပါတယ် ဆိုတဲ့အကြောင်း
ချူဖို့မဟုတ် စည်ဖို့အတွက် ချူ ဆီ / ချောဆီ
အဲ့လို၊အဲ့လိုပြောလိုက်ရင်၊အဲ့လိုပြောလိုက်တော့
ဘာတွေရဖို့ ဘာတွေပေးခဲ့သလဲသမိုင်း ပြတိုက်လား
လွှတ်တင် ဆဲဆိုဖို့ အတွက် နေ့ကောင်းရက်သာရွေးထားပြီးမှ
မျိုးတူစု၊ခွေးတိုင်းခြင်္သေ့ပဲ၊ငါ့အရေပြားတောင်မသိပဲ
မျိုးရိုးဗီဇလှုပ်ခါပုံလေ့လာဖို့တဲ့
အို…………………မွေးရာပါသိမှုလွန်ထူးချွန်သူကြီးငဲ့
တိကျတဲ့ မေးခွန်းဟာဘယ်အရပ်မှာဘယ်ဒေသမှာ
အတွင်းအားကိုခိုးပြီးအားသွင်းခြင်းအလွန်
Only me?ပါးစပ်ကိုလက်ကလေးကွယ်ပြီးရီရင်း
ငါ့ဦးနှောက်ဟာစာအုပ်စင်ကြီးပေါ့ အတွေး
အခေါ် ကလွဲရင် ကျမ်းကြီးကျမ်းငယ်
အသံသွင်းပြီးသိမ်းထားတဲ့သော့
ကျပျောက် သေတ္တာကြောက်ရွံ့မှုကိုကြောက်ရွံ့နေတဲ့ရောဂါ
Hint ပဲတောင်းချင်နေတာခက်ဆစ်ပဲသိချင်နေတာ
ရေးသူရဲ့ နောက်စေ့ကထွက်ကျလာတဲ့ ကျည်ဆံ
ဖုန်းထဲမှာလာမိတယ်၊ဘယ်လောက်ဈေးလဲဘယ်လို
ရောင်းလဲဘာမှမပေးရင် ဘာမှမရဘူး
ပြောပြီးဖုန်းချလိုက်တယ်
No internet connection ………………..
…………………………………………………………….
………………………../


တယ်ရီ
၂.၄.၂၀၁၄
အင်္ဂါ


အားလုံးသိပြီးသား၊ဒီရာသီဥတုအကြောင်းပဲပြောကြတယ်

အားလုံးသိပြီးသား၊ဒီရာသီဥတုအကြောင်းပဲပြောကြတယ်





စကတည်းက နစ်နေတဲ့

                              ဟုတ်တယ်

ဒါ မှန်တွေကို အကုန်ခွဲပစ်

လိုက်တာလေ မီး ကိုပူတယ် ဆိုတာလောက်ပဲ
လောင်နိုင်ကြောင်း

ဟုတ်တယ်

မိုးပေါ်ကကျလာတဲ့ သူ့  သူ မြေမျက်နှာပြင် အနေအထား

နဲ့လိုက်ပြီး လိုအပ်ရင် ဘာရေးတတ်တယ်လို့
ထင်ပါတယ်

ရေးတတ်တယ်လို့ ထင်ပါသလဲ ဒါပဲလေ ဒါပဲပေါ့  ဟုတ်တယ်

ရွေးချယ်ခံလေ ရွေးရင်းချယ်ခံရတာ ရွေးခံဖို့အတွက် ခြယ်ရတာ

အတူတူပဲမလား ရေနှုးရင်း ရေနူးရင်း သိသလိုမသိသလို

ပြောပြစရာ ငါမှာ စကားလုံး မရှိ၊   ဟုတ်တယ်

အရက် ကောင်းလို့ အလောင်းလှသွားစရာ(အရပ်မဟုတ်)

ဘယ်ကိုသွားနေတဲ့ ဘူတာပါသလဲ ရပ်နေတဲ့
ပေါ်ကနေ

ရွေ့နေတဲ့ ပေါ်ကို ကြည့်ရင်း       ဟုတ်တယ်

လုံးဝကွဲထွက်သွားပါလိမ့်မယ် ဆဲလ် တွေကွဲ
ထွက်သွားသလို

မဟုတ် ပစ်ပေါက်လိုက်တဲ့ ကွဲထွက်သွားတယ်
ဆိုတာ

သိမသွားရလေခြင်း ကွဲထွက်သွားပါလိမ့်မယ်
မေးခွန်း

မဖတ်တတ်ပဲ အဖြေရခဲ့ပါတယ်    ဟုတ်တယ်

ယမင်း ထောင်ချောက်ထဲ မှန်နံရံတွေ ၀င်ဝင်တိုက်ပြီး

အမှန်က မိုးကျပြီး ထွက်လာတဲ့ ပလူတွေ

ပိုလို့တောင်မှတ်မိပါတယ် အစက်အပျောက်လေးတွေက

အစ     ဟုတ်တယ်

ယောင်နေရတာကို ကြိုက်ပါတယ် ဒါ ၀တယ်လို့
သိမှတ်

မှားစေနိုင်တဲ့ မီးသတ်ကား မီးပိတ်မောင်းလာသလို

အောက်ပါအတိုင်းပါပဲ ဟုတ်တယ်

ပြောတိုင်းနားလည်နေဖို့ လို/မလို ဓါတ်ကြီးဟာ
တစ်ပါးတည်း

ဖြစ်သွားဖို့ မပီကလာပီကလာ အပြောနဲ့
လုပ်သူများ

ဗျိုင်းမည်းများ စီစဉ်မထားတဲ့ တိုက်ဆိုင်မှုလို
အသွား

အလာမှာသွားသွားငြိကာ ဘယ်သူ့အတွက် ပါလဲ

ဟွန်းသံရှည်ကြီးထဲ မျက်လုံးအ၀ိုင်းသားနဲ့

ချော်ထွက်မသွားဖို့ ဘေးကနေ လိုက်ပြီး
နန်းကြိုးလိမ်

ထားဖို့ ကိုယ့်ကိုယ်ကို ထုပ်ပိုး ၊ရောင်းချ
ပို့ဆောင် ရောက်ရှိ

သွားစေတဲ့ ကျဲတောက်တောက် ကြောက်အားလန့်အား

ပစ်ပေါက်လိုက်တဲ့ မီးသီးထဲ ရွှေကျီး

မလွတ်ဘူး ဘာမှမရလိုက်ဘူး ကိုယ်ခံအား(ခံရတဲ့အား

ခံနိုင်ရည်အား)အစရှိသဖြင့် အဆုံးမရှိ
မိတ္တူကူးစက်ပဲ

ကူးစက်ရောဂါ ငြိမ်နေတဲ့စိတ်ဟာ လှုပ်ရှားဖို့
ပိုလွယ်

ပိုကူ ပိုအားစိုက်ရ နေကောင်းလားမေးတာကို
ခေတ်ဟာ

ဘယ်လို ခူး ခက် ခဲ ထမင်းပန်းကန်ထဲ ဆံပင်ပါလာတာအထိ

ဒါတွေဟာ ဖြစ်လေ့ဖြစ်ထ ရေချိုးပြီး နားထဲရေ၀င်
သလို။





<p>မှော်</p>



၁၃.၁.၂၀၁၄


ယောင်ကိုင်းနေတဲ့ နှုတ်ခမ်းဖျားက စီးကရက်ငွေ့တွေ ယိုစီးကျ

ယောင်ကိုင်းနေတဲ့ နှုတ်ခမ်းဖျားက စီးကရက်ငွေ့တွေ
ယိုစီးကျ





ကိုယ့်ရဲ့အေးစက်နေတဲ့ လက်တစ်ဖက်ကို
ကိုယ့်ရဲ့နွေးထွေးနေတဲ့ အခြားလက်တစ်ဖက်နဲ့

ဆုပ်ကိုင်ထားရတယ်။ပျော်ပွဲရွှင်ပွဲ ဆိုတာ
ဒါပဲ။အခန်းတံခါးကို လာခေါက်တာပဲဖြစ်ဖြစ်

မက်ဆေ့ခ်ျတစ်စောင် ၀င်လာတာပဲဖြစ်ဖြစ်။ဒါဟာ
မှားယွင်းမှုပဲ။ အသားကျခဲ့။

ငါဟာမင်းရဲ့ချစ်သူဖြစ်တယ်။ငါဟာမင်းရဲ့သူစိမ်းတစ်ဦးဖြစ်တယ်။
အလှည့်ကျရေရွတ်။

ညာဘက်ပါးကမျက်ရည်ကိုသုတ်ပြီး ဘယ်ဘက်ပါးက
ပြုံးလိုက်။ နာကျင်ဇုံ ။

ခုံနံပါတ် ၁၅ ။ဒီဝဋ်ကိုလည်း မကုန်စေချင်ခဲ့။
အမှန်ပါ။ ရပ်နေတဲ့ နာရီတွေ ပြန်လည်လာဖို့။

ဆုတောင်းခဲ့ကြဖူးတယ်။မဟုတ်လား။သစ်ရွက်တွေ
အော်သံကို နားစွင့်ကြည့်လိုက်။

သံသရာ။အမြဲတမ်းစောင့်ခေါ်နေပေမယ့် လက်ပြချင်
စိတ်သာအားသာနေတဲ့ လက်ပြများ။

ဘ၀ဟာ ။ ဒါမျိုး ။ ကုန်သွားတယ် ။ရွဲ့စောင်းခြောက်အက်နေတဲ့
လက်သည်းခွံများရှိသော။

လူသားပဲ အမှားနဲ့ ဘယ်ကင်းမလဲ ဆိုတဲ့
အမှားကိုပဲ ထပ်မှားလိုက်ကြ။ရသလို အကြိမ်ကြိမ်။

မက်ခဲ့ရတဲ့ ဖီးနစ် ပန်း ။သေသွားပြီးတိုင်း
ပြန်ပြန်ရှင်သန်လာတဲ့ ရွံပျော်စရာ အ၀တ်လဲခန်းထဲ

ဝဋ်ဝင်လဲလိုက်သလို။ဖိအားကြောင့် သာ
သာယာလာရတာပါ။စိန်ခင်း။

တိမ်တွေလိုပဲ လွင့်သွားရမှာပါ။လို့တွေးရင်း။ဒါမှမဟုတ်
တွေးရင်။

စပရေးဘူး ခလုပ်ကို ဖိနှိပ်လိုက်သလို
စိုစွတ်သွားတဲ့ လမ်းမပေါ်က တစိမ့်စိမ့်သေဆုံးခြင်း။

ကိုယ့်အမှောင်ဟာပိုမှောင်သွားခဲ့ဖူးရဲ့လား။ဒါဟာမင်းနားထောင်ဖို့သက်သက်
ပဲ လိုအပ်တဲ့

တဖက်သတ်မေးခွန်းတွေလို့ စီလျော်မှုမရှိတဲ့
ငါ့ရဲ့ကြိုတင် သိမှုတွေကို မျက်ရည်ကျအောင်

မင်းရယ်မောပါ။ ဟုတ်တယ် ။ မျက်ရည်တွေ
ကျလာတဲ့အထိ မင်းရယ်မောရလိမ့်မယ်။

တကယ်တော့ အပိုတွေပါလို့ မင်းထင်နေတဲ့
အရာတွေဟာ လိုအပ်ချက်မှန်း သိလာတဲ့အခါ။

ဆေးမမှီတော့ဘူး။ လမ်းမှာပဲဆုံးသွားတယ်
။ နောက်ပြီးတစ်ကိုယ်လုံးပါလာတဲ့အထိအန်ချတယ်။

ပြန်ရွေးချယ်လို့မရတဲ့ အမှားမျိုးတွေ။ရွေးပြီးကျူးလွန်တယ်။ရေသောက်တာကိုလျှော့ချပစ်လိုက်တယ်။

အရိပ်တွေကိုရှောင်ပြီး နေပူထဲကချည်းစောင့်တယ်။မနက်မိုးလင်းပြီဆိုတာနဲ့။

ညအထိအိပ်တယ်။ဘာဆေးမှမပါတဲ့စုတ်တံနဲ့
ကင်းဗတ်စကိုပွတ်ဆွဲတယ်။ပြီးတော့ တစ်ညလုံး

ထိုင်ကြည့်တယ်။သတိရရင်ကိုယ့်ဖုန်းနံပါတ်ကိုပြန်ခေါ်တယ်။ပြီးရင်
မကိုင်ပဲပစ်ထားတယ်။



ဒါဟာပြောင်းလဲခြင်း ဆို ငါဟာ ပြောင်းလဲသူပေါ့။



လွှတ်တင်လိုက်တဲ့ စွန်တွေ ဘယ်တော့မှ
ပြန်မရုတ်တော့ဘူး။ထွေးပြီးသား တံတွေးကို

မြေကြီးနဲ့ ပြန်ဖုံးတယ်။မင်းအကြောင်းတွေပြောရတာပျင်းလာတဲ့အခါ
မင်းအကြောင်းတွေ

ပြန်နားထောင်နေတတ်သလို။ခရမ်းရောင်မီးပွားတွေ
ခေါင်းထဲက ဆက်တိုက်ထွက်ကျနေတယ်။



ဆေးလိပ်ကို မီးညှိပြီး မသောက်ပဲ ဒီအတိုင်း
ကိုင်ထားလိုက်တော့ နားထဲ ပန်းပွင့်ကြွေသံတွေပဲ

ကြောက်လန့်တကြား ကြားနေရတယ်။သူမ ဘာတွေပြောနေလဲ။သူမဘာတွေမပြောနေလဲ။

လျှပ်စစ်ကုလားထိုင်ဟာကိုယ့်ကြောင့်
ပျက်စီးသွားခဲ့တာကြာပြီ။စိတ်ဟာအလောင်းတောင်

ပြန်မရခဲ့ဘူး။လိုအပ်ခြင်းကိုပဲ ခဏခဏ
လိုအပ်နေတဲ့အခါ။



ပန်းခင်းတစ်ခုလုံးကိုမီးရှို့ပစ်လိုက်တာ။



စိုက်ပျိုးသူကို မြေကြီးထဲ ပြန်စိုက်ပျိုးပစ်လိုက်တာ။



ရှိမနေတဲ့ကန်ရေပြင်။ တိမ်တွေဟာငြိမ်သက်လျက်။
ကွယ်နေတဲ့ခန်းစီး။ အလဲလဲအပြိုပြို။

နာရီတွေဆက်မသွားတော့တဲ့ဒေသ။ ရေပြင်ညီငြိမ်သက်သွားတဲ့မျဉ်း။

သိစိတ်မဲ့လုံးခြေနေတဲ့ရွှေအိုရောင်စက္ကူအပိုင်းအစတွေ။
အလဲလဲအပြိုပြို ။

အညစ်အကြေးကို အညစ်အကြေးနဲ့ ဆေးကြောရခြင်းမှာ
ပျော်ရွှင်နေတဲ့သူ။

ဝေးသွားလေလေ စကားတွေဟာထင်ရှားလာလေလေ။



“ သေရမှာကြောက်တယ်။ဒါကြောင့် ကိုယ့်ကိုကိုယ်
အဆုံးစီရင်လိုက်ခြင်းပဲ ”









မှော်

၂၀.၁၀.၂၀၁၄


ရာသီခွင်အလည်တည့်တည့် ၊ ဝင်ထိုင်တော့ပြောလေ ခေါင်းတွေကုတ်လေ

ရာသီခွင်အလည်တည့်တည့် ၊ ဝင်ထိုင်တော့ပြောလေ ခေါင်းတွေကုတ်လေ

တချို့ဦးခေါင်းတွေဟာတချို့ ဦးခေါင်းတွေနဲ့
မတော်ဘူးအတန်း


ထဲမှာခုံနံပါတ် နောက်ဆုံး ပြီးတော့
အရွယ် ရောက်လာတယ်

ဘာမှမဖြစ်ထွန်းဘူးပြောလို့ ဘေးကဖြတ်မောင်းသွားလည်း


ဘာမှမစိုက်ပျိုးခဲ့တာ၊ “ရှင်  သိလား ” ဘ၀ဆိုတာ နှစ်လုံးတည်း



မဟုတ်ဘူးတစ်လုံးမှမရှိပဲနေနိုင်တယ်
ပျော်သလောက်ပေါ့

ကျသလောက်ရှင်းမှာပါ လုပ်နိုင်တာတွေ



နည်းသွားရင် စကားတွေ များလာမှ သိသိကြီးနဲ့
ငါ့ကိုယ်


ငါမလိမ်မိတာကံသီပေလို့ ငါ့ကိုကယ်လို့
ငါက

မျက်လုံးတွေသာကန်းနေခဲ့ရင် ငါတို့ တယောက်ကို



တစ်ယောက် ချစ်မိခဲ့ကြ ဦးမလား (ဟမ်)
လို့

မဟုတ်ဘူး ငါ မေးတာဟမ် လို့


ချော်လဲတာကိုကာကွယ်ဖို့ မိမိရရရီနေရယ်နေသက်တံတွေ


ကိုအားနာလိုက်တာသူ့ဆေးစစ်ချက်အဖြေမှာ


အညိုရောင် လွှမ်းမိုးထားတဲ့ ကောက်ကြောင်းပွပွတွေ


စွယ်ကျယ်ထဲအပြင်းအထန်ခုန်နေတဲ့ ဟာ……………


ဘာတွေရေးမှန်းနေမိမှန်းကိုမသိဘူးအရုပ်ကိုဖက်ရမ်းပစ်သလို


တစ်ကောင်၊နှစ်ကောင် အစကပြန်ရေတစ်ကောင်နှစ်ကောင်


အော်တိုပိုင်းလော့ လေးဖွင့်ပြီးသူ့ဘာသာဆက်မလျှောက်ဘဲ


မနေ့ကအပင် နားကိုပြန်ရောက် လာတယ် ဘာအပင်မှန်း



မသိဘူး (ဇာတ်ကားကဘာမှမကောင်းဘူးဒီအတိုင်း
ပြီးသွားမှာပါ)


တချိန်လုံးပြောနေ ပြီးတဲ့အထိထိုင်ကြည့်မှာမျက်တောင်လေးပုတ်ခတ်


လမ်းကြားလေးကြည့်ပြီးဝမ်းနည်းတကြီးမျက်ရည်တွေ


ဒီလမ်းဟာ ငါ့သွေးတွေနဲ့ရောပြီးဖောက်ခဲ့တာလမ်းကြားလေး


လမ်းစခင်းကာစတုန်းက ကြည့်ပြီး



စက်ဘီးနဲ့ခြောက်ခါ ဆိုင်ကယ်နဲ့နှစ်ခါ
ဝမ်းနည်းတကြီး

မှောက်ဖူးတယ် စက်ဘီးတခြားဆိုင်ကယ်တခြားလူတခြားမျက်ရည်တွေ


စုတ်ပြတ်လို့ လက်ဖ၀ါးတွေ ဒူးတွေ အဲ့တုန်းကလက်ကိုင်ဖုန်းတွေ


ဒီလောက်ခေတ်မစားသေးတော့ ရပ်ကြည့်နေကြရုံပဲရှက်ရှက်နဲ့


ဆက်ပြီးလှဲနေလိုက်တာပေါ့ လုံးဝ မထဘူး


သေသွားတာလားမသိဘူး ငါ့ကိုယ်ငါနည်းနည်းလန့်လာတယ်


နောက်ဆိုဆင်ခြင်မှဖြစ်တော့မယ်ပေါ့


*“ကဲသွားလေရော့ဟာ”*


(ရှားလော့ဟုမ်း)










*ရှားလော့ဟုမ်း၏အမှုတွဲများ (မြသန်းတင့်)


စာမျက်နှာ ၂၄၀














မှော်


၁၆.၃.၂၀၁၄


ဖောင့် မူပိုင် ရှင်

လေရဲ့အသံကို ချရေးတာ မမှီ လိုက်ခြင်း
တချို့ တ၀က်

ဒါတွေဟာဘက်ပေါင်းစုံကပစ်လွှတ်လိုက်တဲ့

ကွဲသွားတဲ့ရေခဲပြင်ဟာ ခဏ နေပြန်ခဲပြီး
နှုတ်ခမ်းနဲ့သွားတွေကို

မမြင်ရဘူးဆိုတာ ဖောင့် မရှိလို့ပဲ အကိုက
ဘာ

အမျိုး အစားလဲဖွင့်လိုက်လို့ အတုံးတွေ
??????

ချည်းပေါ်နေရင် သေ ချာတယ် ကျွန်တော်
ပြင်ညာရှင်

တင်းတင်းစိထား လေဟာ နယ်ထဲမှာ ရပ်နေသူ
ခုန်ချသူ

တစ်ယောက်ပါ အရောင် အသွေးကတော့ အစုံအလင်ပဲ

မမြင်ရတဲ့ရနံ အရသာအထိ လေထဲတွင် လက်ချောင်းလေးများ

လှုပ်ရှားရုံဖြင့် ထိန်းချုပ်နိုင်သော
ဖောင့် လောင်စာ

သုံးစွဲမှုကိုလျှော့ချနိုင်သည့် ကိုယ်
ထည် အကြီးဆုံး ဖောင့်

သင့် တစ်လတာ ကို လန်းဆန်းစွာ ဖြတ်ကျော်နိုင်စေမယ့်

ဖောင့် အပြောအရ မပျက်သေးခင် အာမခံချက်ရှိကြောင်း

၎င်း ၎င်း ၎င်း ၎င်း ၎င်း ၎င်း ၎င်း ၎င်း ၎င်း ၎င်း

နောက်ကြောင်း ပြန် လှည့်လိုစိတ် ဖြစ်ပေါ်ဆုတ်ယုတ်လာပုံ

လိုချင်တာသာပြောပါ မျိုးစပ်ထားတဲ့ဖောင့်တွေလည်းရှိ
ဥပမာ

တစ်ခုခုနဲ့ကတော့ သွားပြီး ငြိစွန်း
နေဦးမှာပဲ

အပျော် ဖောင့်အပျင်း ဖောင့်စိတ်ကြွ
ဖောင့်စိတ်ကျဖောင့်

ရူးရင်ရူး သေရင်သေ မသေရင် ပျောက်သွားတာချည်းပဲ

ရှိတယ်တချို့ ဖောင့်တွေက ဘာနဲ့ဘာ မကွဲဘူး
ဘယ်လို

ရေးရေး လွတ်ကျပြီးကြောင်သွားတဲ့ဖောင့်တွေ

အုပ်လိုက်ဝုန်းခနဲ

ထပျံသွားတဲ့ခိုတွေ အနီရောင်ကို ကြာကြာ
မကြည့်ရဲခဲ့ပါ

အဲ့လိုပေါ့ဗျာ တစ်ခု သတိထားရမှာက ကစားတဲ့အခါ

နားတဲ့အခါ ညက်အောင် ၀ါး ဖို့ ပဲ ထပ်ကြပ်မကွာ

လှေကားကဆင်းလာတဲ့ တစ်လှမ်းချင်း လှည့်ကြည့်ချင်

စိတ်ရဲ့ရှေ့တည့်တည့်မှာ ကကွက်အရှိုးအရာတွေနဲ့

ဘာကြောင့်ပြောနေရသလဲဘာကြောင့်မှပြောမနေရဘူး

လက်ညှိုးကကျသွားတဲ့သွေးစက်ကို ယင်ကောင်မနားသေး
ခင်

“ကျွှန်ုပ်တို့ပွင့်လင်းမြင်သာ ဖောင့်
ကမ္ဘာကို လာရောက် လည်ပတ်

ခဲ့တဲ့လူကြီးမင်းတို့ဟာ ခေတ်(ကို)မှီ
သူများဖြစ်ကြပါတယ်”

ဆိုတဲ့ ဆိုင်းဘုတ်တွေ လမ်းတော်တော်
လမ်းများများ မှာ

ရောက်လာတဲ့အထိ ခင်ဗျားမှာ သတ်သတ်မှတ်မှတ်

ဖောင့်တစ်ခုမရှိခဲ့ရင်……………………………………….

ရာသီပေါ် ဆေးထိုးခြင်း ပတ်ဝန်းကျင် မသိလိုက်ခင်မှာပဲ

မျက်ရည်ကျနေတဲ့ အခန်း ရယ်

မျက်ရည်တွေ ပြန် ၀င်သွားတဲ့အခန်း ရယ်

စဉ်း စားစရာပဲ အဲ့ဒီမှာ ခင်ဗျားဟာ…….မဖြစ်သေးဘူး

အသက်အရွယ်လေးရှိတုန်းဖောင့်လေးတစ်ခုတော့ထည့်မှ

သွား ကျင် စရာ ပလတ်စတစ် သံနှင့် အတူတူ

အ ဆိုး

အ ကျိုး

အ ကောင်း

အ ကြောင်း

နာမည်ပြောင်းတော့ နာမည်ပဲပြောင်းသွားမှာပေါ့

နောင်ရေးစိတ် အေးရအောင် သင့်တော်မယ့်
သုံး

လေးမျိုးလောက် ရွေးချယ်အပြီး ဒါက ဒေါသ

ထွက်ရင်သုံးဖို့ လိင်စိတ်ကြွရင် သုံးဖို့
ဒါက

ဆောင်ရန် ရှောင်ရန်တွေမှာ

အခန်းထဲမှာမှောင်နေတာဘယ်သူလဲ

၁၈ နှစ်ကျော်ကာစ လူငယ်တွေ

ရှေ့မှာသုံးရန်  ။။။။။။။။။။။။။။။။။။။





မှော်

၈.၂.၂၀၁၄


ဘာမှစားစရာ မရှိတဲ့ အိမ်မှာ

အိပ်ရာပေါ်မှာ အသေအချာတွေး နေမိတာ ဒီအကြောင်းပဲလမ်းဘေးအုတ်ခုံပေါ်မှာ
ဘယ်လို ကျော်ဖြတ်ရမလဲပေါ့ ဒါဟာ သန်းခေါင်နက်နက်ကြီးပေါ့ တစ်ခုခုကိုလွယ်
လိုက်ရအောင်လဲ တစ်ခုခုမှ အဆင်သင့် မရှိဓာတ်လိုက်တာက မှောင်တာ
တွေလင်းတာတွေ မသိဘူး ဘာဖြစ်ချင်ကြတာလဲဘာ ဖြစ်စေချင်ကြတာလဲ
ဘာမှ စားစရာ မရှိတဲ့အိမ်မှာ အားလုံးဆာလောင်နေကြ သင်ဟာ သင် နဲ့
အတူတူ မီးဖိုချောင်မှာ ရပ် နေမိတယ်ဘာ ကောင်းမလဲပေါ့
မီးဖို ချောင်မှမရှိတာ ရပ် နေမိတယ်ဆာလောင်ပုံ ဟုတ်တယ်
တူတယ် မဟုတ်ဘူးမတူဘူး ကိုယ် ကိုယ် ချင်းပဲ စာနေတာပါ
ဆာလောင်နေတာ ဟင်းသီး ဟင်း ရွက် အသားငါးနှစ်ချို့ဝိုင် ဘာလေးဖြစ်ဖြစ်
ရပ်ကြည့် သူများရဲ့ အမြင်ဟာ ရပ်ကြည့်သူများပဲဘာရှုခင်းမှ မလှဘူး
မြောက်လေဟာ ချမ်းစရာကောင်းလိုက်တာ မဟုတ်ဘူးလားပြတင်းပေါက်အတွင်းမှာ
အမိုးမရှိ အကာမရှိ အနွေးပေးစက်ဖွင့်ထားပေမယ့်လက်ဖျားတွေ ထုံကျင်နေတုန်း
နှင်းတွေထဲမှာ လက်ဖ၀ါး ပွတ်သတ်နေလိုက်တာမီးခတ်ကျောက် နှစ်ခုလို မီးပွားတွေ
လွင့်စင် သွားပြီး သစ်ရွက်ခြောက်တွေလောင်ကျွမ်း မသွားဘူး ဆာလောင်နေပုံ
ရေခဲမုန့် ကို ထုတ်လိုက်တော့                 လက်ချောင်းတွေကိုလျက်နေရတာ
အာလူးကို ကြည့်ပြီး ငါ့တို့ ကြည့်ပြီးရင်းကြည့်ရုံသာ ငါက
ခွက်ကောက်ရတော့ ငါက ခွက်ပျောက်သွားတယ်မတရားမှု
ဖြစ်နေတဲ့အချိန်မှာ ပွဲကြည့် မတရားမှုကျူးလွန်သူပဲအကယ်၍
နတ်ဘုရားတွေဟာ ငါတို့သာကြည့်ရှုနေရင်မယ်ဆိုရင်
Oh-my-GoD!!!!!!!!!!
Mygodold  လို့ရေ/းလိုက်တယ် ဖြစ်လား မဖြစ်လည်း မတတ်နိုင်
အေးခဲပြီးသေသွားပစေ ဆာလောင်ပြီးသေသွားပစေအသက်ကြီးပြီးသေသွားပစေ
ဘာမှစားစရာ မရှိတဲ့ အိမ်မှာ စားစရာတွေအပြည့် နဲ့

တယ်ရီ
၁၇.၂.၂၀၁၄