နတ်ဘုရား တစ်ပါးက ဥချလိုက်တဲ့ နူကလီးယား လေထီးနဲ့
အလိုက်သင့်လေး လှေကလေးကိုလှော်မည် ငါ့ကျည် အမ
အက သေချာလေး မှေးနေ ဒီ တငါကျော်ရင် နောက်တငါ ထပ်ရောက်
လာဦးမှာပဲ မရမခြင်းကတော့ ငါတကောင်လို
ခု ငါလေငါလွင့်တွေ ခွေနေတဲ့ ၀ပ်ကျင်းထဲ
ဘယ်လောက်သိလို့လဲ ငါဖြစ်နေတဲ့ ၀ပ်ကျင်းထဲ
ရောက်ခဲ့ပြီးသမျှ ငါတိုင်းက နာမည်တပ်ခေါ်
ခံချင်ကြတယ် ဘယ်မှာလဲ အစစ်ငါရ
စစ် နဲ့ အရိုးပြိုင်းပြိုင်း ကျန်ခဲ့တဲ့ ရေစစ်လို
ငါသိမှု အနည်တွေနဲ့ ငါတကာယိုတဲ့ချီးပဲ
လူ့ အဖွဲ့ အစည်းပြေနေတဲ့ ငါ * ပြဖို့တောင်မတန်ဘူး
ဘယ်သူ့အတွက် ငါ အလုပ်လုပ်ရတာ ငါ
ကြာတော့ ငါကျကျတာပဲ ခလုတ်တိုက်တာနဲ့
တိုက်ပေါ်က ကျောရိုးက အစကွာတယ်
ငါ ခမျာ ဆောင်းတွင်း ရောက်တာနဲ့ ရာသီဆိုး
ကိုယ့်လက်တွေ ကိုယ့် အသက်ဓါတ်မျှပေး
ခွေးမဖြစ်ခဲ့ ဒါပေမယ့် ငါ လုံးလုံးဖြစ်လို့
ဒုက္ခကို ရီတဲ့ငါတွေနဲ့ပဲ ကြုံဖူးတယ် သူတပါး
ခြင်္သေ့တော့ ခွေးခြင်္သေ့ပဲ ဈေးလည်းကြီးတယ်
ချေးလည်းကြီးတယ် ငါ ရေချိုးပြီးပြီလား
ငါကိုယ်ငါသနားလိုက် မိမိကိုယ် သနားလိုက်
အရေးအကြောင်းဆို ဘယ်ငါမှ မရှိတော့ ငါအပေါ်မှီခို သာယာ
နာတာပျော်လား ငါ လောကထဲ ငါ ကြည်ချင်တာနဲ့ ၀င်လာ
ပြီးမှ ဖွတ်လည်းမထွက် ဓါးမလည်း သံချေးတက်
ယမ်းချေးပမ်း ဗျောက်အိုး ငါဟာ
ကောင်းကင်ကြီးပဲ ပင်လယ်ကြီးပဲ
ရေကြီးပြီးရောက်လာတဲ့ ငါး
ရေကြီးပြီးပြန်ပါသွားတယ် အဲ့လိုလား။
တယ်ရီ
26.6.2013
Search This Blog
Search This Blog
Tuesday, July 7, 2015
အရေးအသား ဘယ်သူ ငါ လဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment