Search This Blog

Search This Blog

Tuesday, July 7, 2015

ပုံပြောသူတစ်ယောက်ဟာအဝေးကြီးကိုအချိန်တော်တော်ကြာငေးကြည့်နေပြီဆိုရင်

ပုံပြောသူတစ်ယောက်ဟာအဝေးကြီးကိုအချိန်တော်တော်ကြာငေးကြည့်နေပြီဆိုရင်


ဘာဖြစ်ဖြစ်လွယ်ပါတယ်။အရပ်ဒေသကစွန့်ခွာ ခဲ့ ပြီး လက်ယပ်တွင်းတွေရဲ့
ပိုမိုရှည်လျားလာတဲ့ဆံပင် ဖြတ်စတွေထဲမှာ ဆစ်ကနဲ ဆိုတာကလွဲရင် တစ်ခု
မှမသိဘူးလေ ဟာငြိမ်နေဆဲ။နေ့စဉ်သုံးစကားလုံး၃၀၀၀မကုန်သေးတဲ့ တစ်မိနစ်
ခန့်ဆွဲဆန့်ရင်း အောင်မြင်စွာဆုတ်ခွာပြီးစီးကြောင်း ဦးချိုမပါတော့တဲ့မြှား
လက်နဲ့စမ်းသပ်မိသမျှ ရပ်တန့်လိုက် စိတ်ကျေနပ်စရာမကောင်းဆိုးဝါး
မျက်ရည်တွေစီးကျလာလိုက် ပတ်ဝန်းကျင်တစ်ခုထဲ အုံ့အုံ့သည်းသည်းဆူးတွေ
အနာကျက်ပြီလားပျင်းရိခြင်း။လွှတ်တင်လိုက်တဲ့သက်ပြင်းရှည်ဂြိုလ်သိမ်
သရုပ်ဖော်ပုံနဲ့ပြရရင် လိုပဲ အရှိန်ပြင်းပြင်းလောင်ကျွမ်း ပျံတက်သွားတဲ့
မီးခိုးခေါင်းတိုင်ထဲက အငွေ့တွေမြင်ရင် ကြယ်တွေဆုတောင်းကြတယ်။
ငိုကြွေးသံတွေဆုံးသွားတဲ့အခါ……ဆုံးသွားတဲ့အခါ။
အရင်လို လက်သည်းခွံတွေအတူတိမ်ဝင်သွားရင်း ပုံပြောသူတစ်ယောက်ဟာ
အဝေးကြီးကိုအချိန်တော်တော်ကြာငေးကြည့်နေပြီဆိုရင်။တစ်ခုရှိတာက
အ၀တ်လှမ်းစင်အကြောင်းပဲ အော်တိုရ(မ်း)တွေဖွင့်ထားလျက်နဲ့
နားမလည်ခြင်းဆီခေါ်ဆောင်သွားနိုင်သလား။ပဲ့တင်သံတွေဝေးလို့ 
မကြားရသေးတာပါအားတင်းထားသမျှပြန်ပို့ ပေးပါ။ကမ္ဘာ့မြေပုံအသစ်ကို
ခါထုတ်လိုက်သမျှ လိပ်ပြာအသေတွေ နေရာအနှံလျှောက်ကြည့်လည်း
မပေါက်ဘူး။မင်းသားတွေအကုန်သေသွားလည်း မျောနေတဲ့ဇာတ်ထဲ ကိုမာ။
ဘယ်ကိုချိန်ရွယ်ထားလဲပြီးမှဘယ်ကနေလဲတစ်ခုခုပေါ့…ခူးခပ်ပြီးသားနေ့စဉ်
ဝတ္တရားများ force close  ဟန်ဆောင်ရင်းချွတ်စွပ်တူခွဲမရတော့အောင်
လိင်မကွဲပြားတဲ့  force close /
လူစွမ်းကောင်းဟာနဂါးကြီးနဲ့မတွေ့သေးခင်ထိ
မင်းသမီးလေးဟာလူစွမ်းကောင်းနဲ့နဂါးကြီးကိုမတွေ့သေးခင်ထိ
လူတွေဟာမင်းသမီးလေးနဂါးကြီးလူစွမ်းကောင်းအထိ
ရေတွင်းတူးရင်း။ရေထမ်းရောင်းရင်း။ရေကြည်သောက်ရင်း။



တယ်ရီ
19.5.2013
1119pm


No comments:

Post a Comment