ဟယ်လို ဆိုတာ ကျွန်မကို ခေါ်တဲ့နာမည်
မည်မည်ရရ
မရှိဘူး သွေးတွေ အေးလာတာလေးကလေးလာတာက
အစ
ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတဲ့ ဒီဂျစ်တယ်
ဖရိမ်ထဲက
ခုနှစ် ၂၀ ၀ ၀ နောက်ပိုင်း မရောက်ဖြစ်တဲ့
ရက်စွဲ
မီးတွေ
ရွာလာရင် အရမ်း ပျော်တာပဲ ငယ်ငယ် ကတည်းက
အထိုး ခံ ရတဲ့ဇာတ်မှာ မင်းသမီးလေ ဘယ်တော့မှ
မိတ်ကပ်
မလိမ်းဘူး ကို့ ကို ကျမ ချစ်လိုက်ရတာလေ
အရမ်းပဲ နာတယ်
သာတယ် မတွက်တတ်ပါ လောင်နေတဲ့ထဲ ၀င်လောင်လိုက်
ဘယ်သူမှ အန္တရယ် မဖြစ်အောင် ကိုယ့်ကိုကိုယ်
မိန်းချထားလိုက်
ဝါယာတွေ လာ လာသွယ်ရင် ပျော်နေတတ်တာ
တကယ်က မိုးတွေရွာတာကို တီဗွီ ထဲမှာပဲ
မြင်ဖူးတာပါ တကယ်တော့
အဲ့ဒါ မီးတွေရွာတာ အဲ့လို
အမေက ကျွန်မကို သိပ်ဖြစ်စေချင်ခဲ့တာ
ဒါကြောင့်
ညွှန်ပြနေခဲ့တဲ့ လက်တံတွေ စဉ် ရက်စွဲ
အကြောင်းအရာ
ပေးမှတ် ရမှတ် ကိုယ့်လက်မှတ် တိုက်ဆိုင်
ကြည်နူးခြင်း အနံဟောင်းတွေ မီးတွေရွှဲနစ်နေတဲ့
နံရံ တဖက်မှာ
အကောင်းဆုံး ပြင်ဆင်ဖီးလိမ်း ကျမ လှတယ်မလားလို့
မေးသံ မေးတဆတ်ဆတ် ရိုက်နေလိုက် ရဲရဲ
ထိုးချလိုက် တဲ့
ဒိုက်ဗင်မှ ခဲနေတဲ့ ရေပြင် သတိတရားတွေ
ဟင်းလင်းပွင့်
အလွတ် ကျွတ်ထွက်သွားတဲ့ ဆံပင်တွေမြင်မှ
ရင်အုံပေါ်က made in တက်တူး ကိုသတိရတယ်
ုအမေက ကျွန်မကို သိပ်ဖြစ်စေချင်ခဲ့တာ
မှတ်မိတာပေါ့
ဖြေခဲ့တာကို ရေနဲ့ ဘာလို့ဆော့ချင်လဲ
ဆိုရင် ကျွန်မကမီး
မှန်ရှေ့မှာရပ်ပြီး ခဏ ခဏ မေးမိတယ်
ကမ္ဘာမှာ ဘယ်သူအလှ ဆုံးလဲ
မီးလောင်ရတာကို အရမ်း ပျော်တာပဲ မီးမလောင်ပဲ
အငွေ့မှ
မထွက်နိုင်တာ ဒါလည်းမီးတွေရွာသလို ကျမရဲ့ပါရမီဟာ
ကုန်ခမ်းသွားတယ်လို့မှ မရှိတာ ပို
(တွင်)ကျယ်လာရုံ
တခါတလေ ခြံတံခါးပေါ်ကကျော်ပြီးရွာတယ်
တကယ်ပါဆို
တခါတလေ ရေချိုးခန်းထဲမှာ မီးဖိုချောင်စားပွဲပေါ်မှာ သြော် ကဲ
ဟယ်လို မီးလားလို့သာမေးလိုက် အ၀တ်လဲခန်းထဲမှာ
မီးတွေ
မီးတွေ မီးပျက်သွားရင်တောင် ကျမကလင်း
လျက်ပဲ
ဘယ်နှခါပြောရမလဲ မိုးတွေရွာတယ်ပဲ လျှောက်လျှောက်ပြောနေတယ်
သိလည်းမသိပဲနဲ့ အဟင်းဟင်း
အဲ့ဒါ မီးတွေ ရှင့် မီးတွေ အဲ့ဒါမီး။
မှော်
၁၅.၉.၂၀၁၄
Search This Blog
Search This Blog
Tuesday, July 7, 2015
တဖွဲ ဖွဲမီး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment