Search This Blog

Search This Blog

Tuesday, July 7, 2015

ဘာမှမဟုတ်သေးလို့၊သြော်၊ဆင်ထားတဲ့အရိုးငြမ်း

ဘာမှမဟုတ်သေးလို့၊သြော်၊ဆင်ထားတဲ့အရိုးငြမ်း

ပေါင်းတတ်ရင် ပေါင်းတတ်သလိုပေါင်းခံပုံအဆင့်ဆင့်နဲ့
ဆိုရှယ်စက်ဝိုင်း မှာမှန် ကြည့်ပြီးမှန် မမြင်ရပုံ
ရေကနေအဓိက ပြုလုပ်ထားပါတယ် ဆိုတဲ့အကြောင်း
ချူဖို့မဟုတ် စည်ဖို့အတွက် ချူ ဆီ / ချောဆီ
အဲ့လို၊အဲ့လိုပြောလိုက်ရင်၊အဲ့လိုပြောလိုက်တော့
ဘာတွေရဖို့ ဘာတွေပေးခဲ့သလဲသမိုင်း ပြတိုက်လား
လွှတ်တင် ဆဲဆိုဖို့ အတွက် နေ့ကောင်းရက်သာရွေးထားပြီးမှ
မျိုးတူစု၊ခွေးတိုင်းခြင်္သေ့ပဲ၊ငါ့အရေပြားတောင်မသိပဲ
မျိုးရိုးဗီဇလှုပ်ခါပုံလေ့လာဖို့တဲ့
အို…………………မွေးရာပါသိမှုလွန်ထူးချွန်သူကြီးငဲ့
တိကျတဲ့ မေးခွန်းဟာဘယ်အရပ်မှာဘယ်ဒေသမှာ
အတွင်းအားကိုခိုးပြီးအားသွင်းခြင်းအလွန်
Only me?ပါးစပ်ကိုလက်ကလေးကွယ်ပြီးရီရင်း
ငါ့ဦးနှောက်ဟာစာအုပ်စင်ကြီးပေါ့ အတွေး
အခေါ် ကလွဲရင် ကျမ်းကြီးကျမ်းငယ်
အသံသွင်းပြီးသိမ်းထားတဲ့သော့
ကျပျောက် သေတ္တာကြောက်ရွံ့မှုကိုကြောက်ရွံ့နေတဲ့ရောဂါ
Hint ပဲတောင်းချင်နေတာခက်ဆစ်ပဲသိချင်နေတာ
ရေးသူရဲ့ နောက်စေ့ကထွက်ကျလာတဲ့ ကျည်ဆံ
ဖုန်းထဲမှာလာမိတယ်၊ဘယ်လောက်ဈေးလဲဘယ်လို
ရောင်းလဲဘာမှမပေးရင် ဘာမှမရဘူး
ပြောပြီးဖုန်းချလိုက်တယ်
No internet connection ………………..
…………………………………………………………….
………………………../


တယ်ရီ
၂.၄.၂၀၁၄
အင်္ဂါ


No comments:

Post a Comment