Search This Blog

Search This Blog

Tuesday, July 7, 2015

အားလုံးသိပြီးသား၊ဒီရာသီဥတုအကြောင်းပဲပြောကြတယ်

အားလုံးသိပြီးသား၊ဒီရာသီဥတုအကြောင်းပဲပြောကြတယ်





စကတည်းက နစ်နေတဲ့

                              ဟုတ်တယ်

ဒါ မှန်တွေကို အကုန်ခွဲပစ်

လိုက်တာလေ မီး ကိုပူတယ် ဆိုတာလောက်ပဲ
လောင်နိုင်ကြောင်း

ဟုတ်တယ်

မိုးပေါ်ကကျလာတဲ့ သူ့  သူ မြေမျက်နှာပြင် အနေအထား

နဲ့လိုက်ပြီး လိုအပ်ရင် ဘာရေးတတ်တယ်လို့
ထင်ပါတယ်

ရေးတတ်တယ်လို့ ထင်ပါသလဲ ဒါပဲလေ ဒါပဲပေါ့  ဟုတ်တယ်

ရွေးချယ်ခံလေ ရွေးရင်းချယ်ခံရတာ ရွေးခံဖို့အတွက် ခြယ်ရတာ

အတူတူပဲမလား ရေနှုးရင်း ရေနူးရင်း သိသလိုမသိသလို

ပြောပြစရာ ငါမှာ စကားလုံး မရှိ၊   ဟုတ်တယ်

အရက် ကောင်းလို့ အလောင်းလှသွားစရာ(အရပ်မဟုတ်)

ဘယ်ကိုသွားနေတဲ့ ဘူတာပါသလဲ ရပ်နေတဲ့
ပေါ်ကနေ

ရွေ့နေတဲ့ ပေါ်ကို ကြည့်ရင်း       ဟုတ်တယ်

လုံးဝကွဲထွက်သွားပါလိမ့်မယ် ဆဲလ် တွေကွဲ
ထွက်သွားသလို

မဟုတ် ပစ်ပေါက်လိုက်တဲ့ ကွဲထွက်သွားတယ်
ဆိုတာ

သိမသွားရလေခြင်း ကွဲထွက်သွားပါလိမ့်မယ်
မေးခွန်း

မဖတ်တတ်ပဲ အဖြေရခဲ့ပါတယ်    ဟုတ်တယ်

ယမင်း ထောင်ချောက်ထဲ မှန်နံရံတွေ ၀င်ဝင်တိုက်ပြီး

အမှန်က မိုးကျပြီး ထွက်လာတဲ့ ပလူတွေ

ပိုလို့တောင်မှတ်မိပါတယ် အစက်အပျောက်လေးတွေက

အစ     ဟုတ်တယ်

ယောင်နေရတာကို ကြိုက်ပါတယ် ဒါ ၀တယ်လို့
သိမှတ်

မှားစေနိုင်တဲ့ မီးသတ်ကား မီးပိတ်မောင်းလာသလို

အောက်ပါအတိုင်းပါပဲ ဟုတ်တယ်

ပြောတိုင်းနားလည်နေဖို့ လို/မလို ဓါတ်ကြီးဟာ
တစ်ပါးတည်း

ဖြစ်သွားဖို့ မပီကလာပီကလာ အပြောနဲ့
လုပ်သူများ

ဗျိုင်းမည်းများ စီစဉ်မထားတဲ့ တိုက်ဆိုင်မှုလို
အသွား

အလာမှာသွားသွားငြိကာ ဘယ်သူ့အတွက် ပါလဲ

ဟွန်းသံရှည်ကြီးထဲ မျက်လုံးအ၀ိုင်းသားနဲ့

ချော်ထွက်မသွားဖို့ ဘေးကနေ လိုက်ပြီး
နန်းကြိုးလိမ်

ထားဖို့ ကိုယ့်ကိုယ်ကို ထုပ်ပိုး ၊ရောင်းချ
ပို့ဆောင် ရောက်ရှိ

သွားစေတဲ့ ကျဲတောက်တောက် ကြောက်အားလန့်အား

ပစ်ပေါက်လိုက်တဲ့ မီးသီးထဲ ရွှေကျီး

မလွတ်ဘူး ဘာမှမရလိုက်ဘူး ကိုယ်ခံအား(ခံရတဲ့အား

ခံနိုင်ရည်အား)အစရှိသဖြင့် အဆုံးမရှိ
မိတ္တူကူးစက်ပဲ

ကူးစက်ရောဂါ ငြိမ်နေတဲ့စိတ်ဟာ လှုပ်ရှားဖို့
ပိုလွယ်

ပိုကူ ပိုအားစိုက်ရ နေကောင်းလားမေးတာကို
ခေတ်ဟာ

ဘယ်လို ခူး ခက် ခဲ ထမင်းပန်းကန်ထဲ ဆံပင်ပါလာတာအထိ

ဒါတွေဟာ ဖြစ်လေ့ဖြစ်ထ ရေချိုးပြီး နားထဲရေ၀င်
သလို။





<p>မှော်</p>



၁၃.၁.၂၀၁၄


No comments:

Post a Comment