Search This Blog

Search This Blog

Tuesday, July 7, 2015

အင်တာ နက် တပ် ဆင်နေပါသဖြင့်

ဖုန်တွေ တက်နေတဲ့ လေက သယ်ဆောင်သွားရာနောက်မှာ
မှန်

တံခါး ကနေဖြတ်ဝင်လိုက်တော့  မိန်းမပျိုတစ်ယောက်

နှုတ်ခမ်းတွေ တလှုပ်လှုပ် မျက်လုံးတွေ
တလှုပ်လှုပ် အိနြေ္ဒဆယ်

ထောင်ချောက်နဲ့ သားကောင်လို(ဘယ်သူဟာဘယ်သူမှန်းမသိ)

နှုတ်တိုက် သင် ယူ ထားတဲ့ အစွံထုတ်ခြင်း
နိယာမ ပူပြင်းပြန့်ကားလာ

ဟုတ်ပြီ။တစ်ယောက်ခြင်း၊နှစ်ယောက်လုံး
ခေါင်းညိမ့် အပြီး

ဘယ်နေ့၊ဘယ်ရက်၊ပေါ့၊လေးငါးရက်ပေါ့။ဟုတ်ပြီ။

ရှေ့မှာ လူတွေတန်းစီ နေလို့ နောက်က
တန်းစီပါ

ဖုန်းမပြောဖြစ်၊ဂိမ်းမဆော့ဖြစ်၊အိပ်မက်မမက်ဖြစ်၊

ထိုင်စောင့်တယ်၊တနေကုန်။တညလုံး။တတိတိ။

ခြောက်ရက်မြောက်နေ့ဟာ ရောက်လာတယ်၊ရောက်သွားတယ်ပေါ့

ပြတင်းပေါက်ကနေရောင်ပဲမြင်နေရတယ်။

တပ်ဆင် သူတွေဟာ အခုထိ

ရောက်မလာသေးဘူး။တ(စ်)ခုခုမှားယွင်းနေပြီလား။ဒါမုန့်ဖိုးပါ

ဆိုပြီးပေးရတယ်တဲ။ငါ့မှာက ဘယ်သူမှ မပေးတော့
မုန့်ဖိုး

မရှိဘူးလေ ။ရောက်မလာသေးဘူး။ဒေါသ အလိပ်လိပ်
အလိပ်လိုက်

ညရောက်လာတယ်။ဒါစောက်ဂရု မစိုက်တာပဲ။ငါ့ဘက်က

တိကျသလို သူတို့ဘက်ကလည်း တိကျရမယ်လေ(အထင်)

ငါ့ဘက်ကတိကျလို့ သူတို့ဘက်က တိကျစရာမလိုဘူး(အထင်)

ပြန် သွား တယ်။အား နာ ပါ တယ်။ခ ဏ စောင့်
ပါ။

ရှစ်ရက် မြောက်သွားတယ်။ဘယ်လို လုပ်မှာလည်း
သုန်သုန်မှုန်မှုန်

နံပါတ်တွေလျှောက်ခေါ်တယ်။နံပါတ်တစ်ခုခုနဲ့တိုးသွားတယ်။

ဟယ်လို  ။                                              ဒါပဲနော်။

ခဏနေရောက်လာပါလိမ့်မယ်စောင့်ကြည့်ပါဒိုင်နိုဆောတွေခြံတံခါးဝက

နေ၀င်လာမှာဆိုတဲ့စိတ်မျိုးနဲ့ ပြန်သွားမေးတယ်

သူတို့အင်တာနက်တပ်ဆင်နေကြတယ်။ဟုတ်တယ်လေ။ကျွန်တော်လည်း

အင်တာနက်တပ်ဆင်မှာပဲ။မုန့်ဖိုး။

မီးပုံကိုအရူးတွေဝိုင်းထားလိုက်သည်။

ဆယ်ရက်မြောက်ရောက်သွားတယ်၊ရှစ်ရက် မြောက်ရက်
ရောက်သွားတယ်

ခြောက်ရက်မြောက်၊နောက်တစ်ရက်။မုန့်ဖိုးတပ်ဆင်နေပါသည်။

ခဏနေရင်တော့၊ဘာအလုပ်မှမဖြစ်အောင်၊ထိုင်စောင့်၊တနေကုန်

သွားပြန်ပြီလား





မှော်

၁၉.၂.၂၀၁၄


No comments:

Post a Comment