Search This Blog

Search This Blog

Monday, July 30, 2012

လုပ်ဇာတ်

မဟုတ်တော
မဟုတ်သေးဘူး…..
ခေတ်ကအစ
မျက်စမျက်နနဲ့
မာတိကာမှာ
ယဉ်ကျေးမှု့ နာရေးကြော်ငြာတွေ
ဝတ်လို့ ……..စားလို့ ။
ပြတင်းပေါက်ကိုပဲဖွင့်ကြည့်လိုက်
မာယာလေးဆယ်ဆို
ဟာသလို့ ပဲခေါ်လိမ့်မယ်
အကျဉ်းချုံးပြောရရင်
ခါးဖက်ထားပြီး
နောက်ပြန်ကြည့်တဲ့အပိုင်းကိုက
ဝတ်လစ်စားလစ်နိုင်လွန်းတယ်
ကိုယ်လည်းလေလောကီသားပေမို့ 
ကြည့်လို့ တော့ကောင်းပါတယ်
မြင်လို့ တော့မကောင်းဘူး
ကမ်းခြေပဲရောက်သွားတာများလား
ဝတ်ဆင်မှု့ မိုးလေ၀သက
သူ့ ဘက်ကိုပါလို့ 
ကိုယ့်လိပ်ပြာကိုယ်တောင်
အနိုင်နိုင်ခေါ်ယူရတယ်
မှန်တာပြော
လူမုန်းများပါစေ
မြို့ပြက
ခါးမှာတက်တူးထိုးလို့ 
စီးကရက်လေးခဲလို့ 
ညအိပ်ညနေဘိုကင်ချိတ်လို့ 
အင်တာနက်ပေါ်လေးဘက်ထောက်တက်လို့ 
ဘယ်သူ့ ခေါင်းရောက်မလဲ
မြွေတွေကအစ
ဖားကိုပြန်ကြောက်လာရတယ်
ဖြတ်လမ်းဆိုတာလည်း
ရောင်းအားကောင်းလာတဲ့
နောက်ဆုံးပေါ်အီဒီယမ်တခုပဲလား
ဘယ်လိုခွဲစိတ်မှု့မျိုးမှ
မတိုးတော့တဲ့
ပုလင်းတူဘူးဆို့ ကန်းခြင်းမျိုးပဲ
သစ်တိုင်းကောင်းတဲ့အထဲ
ထုံးတမ်းစဉ်လာတော့
မပါကောင်းဘူးထင်တယ်
ဇိမ်ခံကားပေါ်ကပြုံးပြရမှ
ဂုဏ်သိက္ခာလို့ ခေါ်တာလား
လူသူဆိပ်ငြိမ်တဲ့လမ်းထဲက
ဧည့်ခန်းကိုမှ
အဆင့်အတန်းလို့ ခေါ်တာလား
ထားပါ….
ကျွန်တော်မသိတာတွေကလည်းများတယ်
ခေတ်မှီတယ်ဆိုတဲ့
စာကိုမကျက်ချင်တာနဲ့ 
အဲ့ဒီကျောင်းကထွက်ခဲ့တယ်။

terry(15.1.2012)1;00am

No comments:

Post a Comment