Search This Blog

Search This Blog

Monday, July 30, 2012

အာရုံနံပါတ် ( ၆ )

ကြိုတင်ကြံစည်မှုတစ်ခုပါပဲ
ဆွဲမိဆွဲရာ
နိစ္စဓူဝတွေနာဖျားဆဲ…
ရိက္ခာဆိုလို့ 
မပြည့်စုံခြင်းပဲလုံလုံလောက်လောက်ပါတယ်
အဝေးကြီးတွေဆီ
လှမ်းလှမ်းတံခါးခေါက်ရင်း
နီးနီးလေးတွေ
တစ်လှမ်းခြင်းကျန်ခဲ့
ဒါပါပဲ…..
ကိုယ့်ဒဏ်ရာမှ
ဝေဒနာထင်တတ်တော့လည်း
ငါမပြောဘူးလားဆိုတာမျိုး
လက်ညိုးတွေပိုပိုလျှံလျှံကိုရှိတယ်
မိနစ်ကိုးဆယ်လုံးကန်တာတောင်
တစ်ဖက်ဂိုးသမားမမြင်ဘူးလိုက်သလို
တစ်ဖတ်သတ်ခရာသံတွေ
ကွင်းလုံးပြည့်ဆူညံ
ပန်းခင်းကြီးကပြောတယ်
ဘယ်သူခူးဖို့ အတွက်မှ
ူသူတို့ လှနေတာမဟုတ်ဘူးတဲ့
ဖြစ်တတ်ပါတယ်….
စိတ်ဟာ
ဘယ်လောက်မြင့်ပြီလဲ
သိချင်ရင်
တံတွေးထွေးထွေးကြည့်ချင်တယ်
အဖုံးဖွင့်ထားသလောက်တောင်
လုံခြုံမှု့ မရှိတော့လည်း
မျှော်လင့်ချက်ဆိုတဲ့မောင်းက
တစ်ခုခုဆို
ကိုယ့်ခေါင်းကိုပဲပြန်ပြန်ချောင်းနေတယ်
ဒေါင်ကျကျ…
ပြားကျကျဆိုမှ
ပြန်ကိုကျမလာတော့ဘူး..
ရူးမိရူးရာ…..
ကိုယ့်ကိုယ်ကိုပြန်ရှာမှ
စိတ်ကူးယဉ်အိပ်မက်ကအစ
အဖြူအမည်းဖြစ်မှန်းသိရတယ်
ဇွန်းခက်ရင်းကိုင်အောင်ပွဲနဲ့ 
လူ့ ယဉ်ကျေးခေါင်းစဉ်တွေကြား……
သက်တံတွေခြေခင်း
ဘုံခုနစ်ဆင့်တွေနဲ့ ပစ်ပေါက်ရင်း
သေမင်းနဲ့ တနှစ်နီးလာတဲ့
အခမ်းအနားတွေကြား…….
နောက်တနေ့ 
ညကိုညလိုမမြင်ရဖို့ 
ဖယောင်းတိုင်မီးမှုတ်လိုက်တဲ့သူတွေအကြောင်း
ရေးကြီးခွင်ကျယ်လုပ်ပြီးသိတဲ့သူ
ရှားတယ်……..။
ပြောလို့ ရပါတယ်……..
ကိုယ့်ကံနဲ့ ကိုယ့်ပဲ။
ပြောလို့ ရပါတယ်……..
ဒူးဟာဒူးတော်ဟာတော်ပဲ။
မှန်ပါတယ်……
စာနာမှု့ ဆိုတာ
အလွယ်တကူကောက်တပ်ကြည့်တိုင်း
မြင်ရမယ့်
မျက်မှန်မျိုးမှမဟုတ်ပဲ……။
ထားလိုက်ပါ…..
ဒီကဗျာကို
တစ်ချို့ရယ်ကြလိမ့်မယ်
တစ်ချို့ဖယ်ကြလိမ့်မယ်
တစ်ချို့တွေးကြလိမ့်မယ်
တစ်ချို့ပိုဝေးကြလိမ့်မယ်
နောက်မကျပါဘူး….အမှန်တရားရယ်
ကျုပ်တို့ ကိုကစောလွန်းခဲ့တာပဲ…..။

terry(4.1.2012)11;00pm

No comments:

Post a Comment