Search This Blog

Search This Blog

Monday, July 30, 2012

ထမင်းလုံးတစ္ဆေ

လက်ဆုပ်လက်ကိုင်မရှိတဲ့ဒေသကို
အာရုံငါးပါးလုံးစိတ်ဖော့
အတိတ်ဟာ
ကယောင်ချောက်ခြားကမ်းကပ်လာတယ်
ငါမရယ်ပါရစေနဲ့ 
ငါမငိုပါရစေနဲ့ 
လိပ်ပြာစောင့်သောဝတ်မှုံအတွက်
ကဆုန်ပေါက်ပြေးလာတဲ့
ပြည်တော်ဝင်ခန်းဟာ
ရုံစောင့်ကြီးတစ်ယောက်သာဖြစ်တယ်
မယုံပါနဲ့ ………….
အသားကျချုပ်နှောင်မှု့မှာလွပ်လပ်မှု့သေသွားတာ
မယုံပါနဲ့ …………..
လိုအပ်မှု့နာမ်စားနဲ့ အချစ်စစ်မှားနေတဲ့ကဗျာကို
သူမရပ်ဝန်းမှာ
ကျွန်တော်ဟာဘယ်တော့မှမရင်းနှီးနိုင်တဲ့မြင်ကွင်း
နံရံတွေဟာနားသာထောင်ပြီးပြန်မပြောတတ်ခဲ့
စကားဝါပန်းလေးလိုသူမကျွန်တော့ကိုချစ်တယ်
ကျွန်တော့လိုပဲသူမကချစ်သူကိုချစ်တယ်
အထိမ်းအမှတ်အနေနဲ့ ငါဟက်ဟက်ပက်ပက်ငိုချင်တယ်
အတွင်းပူလောင်နေတဲ့ရိုးပြတ်ဟာ
တံငါသည်အလာကို
လက်ချိုးပြီးပတပ်ရပ်နေသလိုမျိုး….။
terry(14.12.2011)11;00pm
terrytinaung@gmail.com

No comments:

Post a Comment