Search This Blog

Search This Blog

Friday, August 10, 2012

ချုပ်ရိုးပြုတ်သွားတဲ့ တိမ် (terry)

ဒုက္ခကိုမမြင်ဖူးသူဟာ
ဘုရားသခင်ရဲ့လျစ်လျူရှု့ခြင်းကိုခံရသူပဲ
အမှောင်ကိုလိပ်တင်လိုက်တာနဲ့ မနက်ဖြန်နဲ့ ဆုံမယ်
ရပ်ထားလည်းပန်ကာဟာပန်ကာပဲ
ငွေမမြင်ရရင်သေကြောင်းကြံချင်တဲ့ရောဂါတကယ်ရှိတယ်
ချောင်းကြည့်ပေါက်ကနေမီးခိုးငွေ့တွေမှုတ်သွင်းခံလိုက်ရသလို
သံဖိနပ်အောက်ကအရှိန်ပြင်ပြင်းမီးတိုက်ခံထားရသလို
မျက်ခွံနဲ့မျက်ခုံးတွဲချုပ်ဆားရည်ကန်ထဲစိမ်နေရသလို
ဘာမှမမေးရင်ဘာဖြေရမှန်းမသိဘူး
သူ့စိတ်နဲ့ငါ့ခန္ဓာကိုယ်ထဲဝင်ကြည့်ပြီး
“ပျင်းစရာကောင်းလိုက်တာ”
ဒီအရပ်ဒေသမှာလေမရှိဘူး…အမိ….
ငါ့အမူအရာကရေပေါ်မှာရပ်နေတဲ့ထုထည်ဆို
ငါ့ငြိမ်သက်ခြင်းကရေကိုဖယ်ထုတ်ထားတဲ့သိပ်သည်းဆ
အတက်ထက်အဆင်းကပိုဆရာကျတာဆိုတော့
အလှအပဟာသူ့ဘ၀မှာအရေးအကြီးဆုံးလို့ ပြောပြောနေတဲ့
မိန်းမအတွက် ရေဖြန်းဖွင့်ထားပါ
နတ်ပြည်နဲ့ငရဲဟာ မှန်တစ်ချပ်ပဲခြားတယ်
သမုဒ္ဒရာတစ်ခုလုံးကိုလျှော့ဈေးနဲ့ ရတယ်လို့ တော့သူကထင်သွားပြီ
ရေပါမပါပဲနေ့ချင်းပြန်စဉ်းစား
ကြယ်တွေကိုနံပါတ်စဉ်လိုက်တပ်ရင်း
အိပ်ကပ်မပါတဲ့အင်္ကျီနဲ့ 
မနေ့ ညကအထိ သူငယ်ချင်းသီချင်းကိုဆိုကြည့်နေမိသေးတယ်။
terry(24.7.2012)
(935am)
terrytinaung@gmail.com

ဇာတ်ဝင်ခန်း(terry)

အိပ်မက်တွေချည်းပဲနေတဲ့မြို့ကိုခေါ်သွားမယ်
ခြေချိတ်ထိုင်ထားတဲ့body language ကို
ဘယ်ကစဖြည်ရင်ကောင်းမလဲ
တစ်ဖွာ…ဘာရနံ့မှအထိအတွေ့မရှိဘူး
နှစ်ဖွာ…ဘာအရောင်မှအရသာမရှိဘူး
အာရုံထဲမှာတော့အရုပ်ကောအသံကောလာတယ်
တစ်ခုခုလိုအပ်နေမှကိုပြည့်စုံတာဆိုတော့
ငါလည်းမီးမတောက်ရုံတမယ်ပါပဲ…
သဲပင်လယ်ထဲညဟာဘယ်လောက်တောင်အားငယ်နေလိမ့်
လမ်းလျှောက်ရတာစွန့်စားခန်းများပါတယ်
ပို့ ဆောင်ဆက်သွယ်မှု့မရှိတော့ရင်
အရောက်အပေါက်လည်းနည်းသွားမှာ
သူမအလင်းပြန်မှု့ဟာငါ့ဆင်ခြင်တုံတရားမှာစိုက်နေသလို
ငါ့အလင်းပြန်မှု့ဟာသူမအလိုမကျခြင်းမှာစိုက်လို့ ။

တယ်ရီ(8.7.2012)
(535pm)

ဘာအသံလဲဆိုတာနောက်နေ့တွေကိုမတွေးတော\ကြည့်မိခြင်း(terry)

“သူ” ဆိုသော ကောင်လေးအတွက် ပျိုမြစ်မှုဟာ အလှတစ်ပါးဖြစ်ခဲ့ရင်
-”ဘာများ ၀န်ဆောင်ပေးရမလဲ ခင်ဗျာ”ေ-ာက်ပြတ်သနာပဲ
မသိမသိဘူးမပြောဘူးအင်း..ဘယ်လိုပြောရမလဲ….
ရွှေရင်အေး ကို မသောက်ချင်ဘူးချည်းညည်းမနေနဲ့ 
အိမ်မှက ဈေးဖိုးတောင်အနိုင်\အရှုံး မ ကွဲ ပြား\ပျားတွေအများကြီးရှိတဲ့
ကောင်မလေး အဲ….. ခဏနေပါအုန်း ကြူချင်\ကျူရှင် ကစောပါသေးတယ်…
ဟာ….ဘာဖစ်နေတာလဲ…သွား..?သွားချင်းကိုက်ချင်လည်းရတယ်လေ…
ဟေ-ာင်မ နင့်သမီး ရော၊မခေတ်က နာမည်ကျော် လူရမ်းကားတွေအကြောင်းပါတဲ့
ပြတိုက်ထဲ/ထဲထဲဝင်ဝင် လေ့လာ တွေ့ ရှိ  ဖော်ထုတ်/ပြသ မနက်ဖြန် နံနက်
လူသိထင်ရှားသော(သို့ )ခပ်ဆင်ဆင်တူသောစကားလုံးများ
(၁၈) နှစ်အောက်ကလေးများသာ။


တယ်ရီ(357pm)
tue

ဖတ်လက်စ၀ိုင်ခွက်အနံဟာဓာတ်မတည့်မှု့ကိုallergic ဖြစ်စေကြောင်း(terry)

တဒေါက်ဒေါက်ခေါက်သံသာကြားရဖူးစရာငုံစရာမလိုတဲ့လက်သိပ်ထိုးရွေ့လျားခြင်းမှာ
                                  လွင့်စဉ်မျောပါလက်စအနီရင့်ရင့်လက်မှတ်တစ်စောင်ထက်ချောက်ထဲပြုတ်ပြုတ်ကျတဲ့အိပ်မက်မျိုးဟာ
ခေါက်ရိုးကျိုးတာမဟုတ်ဘူး၊ခေါက်ချိုးချိုးပစ်တာဝါကျလှလှလေးတွေနဲ့ရော့ခ်ဂီတကိုစဖွင့်မယ်
                          ဆိုပြီးဆေးလိပ်ခွက်ကိုဝုန်းခနဲပစ်အချလွင့်စင်ကြေကွဲညှိနှိုင်းချင်သေးတယ်ဆိုတာမပြတ်သားမှု့နိယာမကနေ
ဆင်းသက်လာတဲ့အစိမ်းရောင်ရိုးတံကျဲကျဲနွေတွေးကြည့်ရုံပါကြောက်ရွံ့မှု့အကြောင်းကိုယ်စီကြောင့်မျက်မှန်
                   တပ်ကြတဲ့အတောင်ပံဟာအိပ်ခန်းနဲ့မဆန့်တော့တာကနေအစီအစဉ်၊ကိစ္စရပ်၊အကြောင်းမရှိပြင်းထန်စွာ
ပေါက်ကွဲပုံကိုအဲ့ဒီနေ့ကလို့ ပြန်ပြောလို့ မရတဲ့အနာဂတ်မေ့ခြင်းဖြစ်ကြောင်းလမ်းပြောင်းပြန်ရပ်ထားသောစိတ်ကူး
အောက်လက်နှစ်သစ်အကွာတွင်ထိုးသွင်းဒဏ်ရာရှိကြောင်းနံနက်ခင်းဟာအရေးအကြောင်းများလာကာ
ပျံသန်းကြ\ယောက်ယက်ခပ်\ဆောက်တည်ရာမရ\ထိတ်လန့်တကြား\ပျံသန်းကြ
နားလည်အောင်ဘယ်လိုတွေးပြရမလဲဝန်ရိုးစွန်းနှစ်ခုဟာဗဟိုကနေကျိုးကျသွားကြောင်းအခန်း(၁)ဆိုပြီး
အုံလိုက်ကျင်းလိုက်ဝင်ချလာတဲ့ကြည့်စမ်း…ကြည့်စမ်း၊အခန်းတစ်ခုရဲ့သွေးသံရဲရဲမြင်မကောင်းအောင်
ကြုံလှီနေပုံငှက်တွေရဲ့အတောင်ပံမှာအသံတွေပိတ်လှောင်ခံထားရတဲ့တောအုပ်လို
အတိတ်ဆိုတာတစ်လှမ်းချင်းကြွေကျသွားတဲ့အမာရွတ်တွေပစ္စုပန်ကိုတွေတွေကြီးရပ်ကြည့်နေစဉ်
                                   ညမို့ လားမသိဘူး၊အရိပ်ကလင်းပြီးလူကမှောင်နေတယ်။
                                                                                            terry(20.6.2012)

ဆောက်တည်ရာမဲ့


လမ်းကြောင်းကိုကတစ်လမ်းသွားဖြစ်နေပုံပဲ

နှာသီးဖျားကနေမီးခိုးတွေလျှံကျလာတဲ့အထိ

ခဏခဏထုတ်ခြစ်နေမိသေးတယ်...

ဟုတ်တယ်မလား

ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးလေ

ရောဂါတစ်ခုဖြစ်တိုင်းတစ်ခါပျော်ရွှင်ရသလို

ခြံစည်းရိုးဖြုတ်ကြည့်ရင်ပိုကျယ်ဝန်းသွားမယ့်အကြောင်း

မတွေးမိဘူး မဟုတ်လား

လင်းနေရင်ဘယ်အလင်းမှမလင်းကြောင်း

နေ့စဉ်နဲ့အမျှဟောင်းနေခြင်း

ရေအတောက်ခံရတဲ့မီးစာ

သေခြင်းတရားကို

ငါ့အခန်းကငုံ့ကြည့်ရင် မြင်ရမယ်

ကမ္ဘာမပျက်ခင်ပြန်ခေါ်ပါ

ကျွန်တော့်ဖန်ခွက်ထဲမှာရေတစ်စက်မှမကျန်တော့ဘူး။


terry(9.8.2012)(535pm)

Monday, July 30, 2012

လုပ်ဇာတ်

မဟုတ်တော
မဟုတ်သေးဘူး…..
ခေတ်ကအစ
မျက်စမျက်နနဲ့
မာတိကာမှာ
ယဉ်ကျေးမှု့ နာရေးကြော်ငြာတွေ
ဝတ်လို့ ……..စားလို့ ။
ပြတင်းပေါက်ကိုပဲဖွင့်ကြည့်လိုက်
မာယာလေးဆယ်ဆို
ဟာသလို့ ပဲခေါ်လိမ့်မယ်
အကျဉ်းချုံးပြောရရင်
ခါးဖက်ထားပြီး
နောက်ပြန်ကြည့်တဲ့အပိုင်းကိုက
ဝတ်လစ်စားလစ်နိုင်လွန်းတယ်
ကိုယ်လည်းလေလောကီသားပေမို့ 
ကြည့်လို့ တော့ကောင်းပါတယ်
မြင်လို့ တော့မကောင်းဘူး
ကမ်းခြေပဲရောက်သွားတာများလား
ဝတ်ဆင်မှု့ မိုးလေ၀သက
သူ့ ဘက်ကိုပါလို့ 
ကိုယ့်လိပ်ပြာကိုယ်တောင်
အနိုင်နိုင်ခေါ်ယူရတယ်
မှန်တာပြော
လူမုန်းများပါစေ
မြို့ပြက
ခါးမှာတက်တူးထိုးလို့ 
စီးကရက်လေးခဲလို့ 
ညအိပ်ညနေဘိုကင်ချိတ်လို့ 
အင်တာနက်ပေါ်လေးဘက်ထောက်တက်လို့ 
ဘယ်သူ့ ခေါင်းရောက်မလဲ
မြွေတွေကအစ
ဖားကိုပြန်ကြောက်လာရတယ်
ဖြတ်လမ်းဆိုတာလည်း
ရောင်းအားကောင်းလာတဲ့
နောက်ဆုံးပေါ်အီဒီယမ်တခုပဲလား
ဘယ်လိုခွဲစိတ်မှု့မျိုးမှ
မတိုးတော့တဲ့
ပုလင်းတူဘူးဆို့ ကန်းခြင်းမျိုးပဲ
သစ်တိုင်းကောင်းတဲ့အထဲ
ထုံးတမ်းစဉ်လာတော့
မပါကောင်းဘူးထင်တယ်
ဇိမ်ခံကားပေါ်ကပြုံးပြရမှ
ဂုဏ်သိက္ခာလို့ ခေါ်တာလား
လူသူဆိပ်ငြိမ်တဲ့လမ်းထဲက
ဧည့်ခန်းကိုမှ
အဆင့်အတန်းလို့ ခေါ်တာလား
ထားပါ….
ကျွန်တော်မသိတာတွေကလည်းများတယ်
ခေတ်မှီတယ်ဆိုတဲ့
စာကိုမကျက်ချင်တာနဲ့ 
အဲ့ဒီကျောင်းကထွက်ခဲ့တယ်။

terry(15.1.2012)1;00am

အာရုံနံပါတ် ( ၆ )

ကြိုတင်ကြံစည်မှုတစ်ခုပါပဲ
ဆွဲမိဆွဲရာ
နိစ္စဓူဝတွေနာဖျားဆဲ…
ရိက္ခာဆိုလို့ 
မပြည့်စုံခြင်းပဲလုံလုံလောက်လောက်ပါတယ်
အဝေးကြီးတွေဆီ
လှမ်းလှမ်းတံခါးခေါက်ရင်း
နီးနီးလေးတွေ
တစ်လှမ်းခြင်းကျန်ခဲ့
ဒါပါပဲ…..
ကိုယ့်ဒဏ်ရာမှ
ဝေဒနာထင်တတ်တော့လည်း
ငါမပြောဘူးလားဆိုတာမျိုး
လက်ညိုးတွေပိုပိုလျှံလျှံကိုရှိတယ်
မိနစ်ကိုးဆယ်လုံးကန်တာတောင်
တစ်ဖက်ဂိုးသမားမမြင်ဘူးလိုက်သလို
တစ်ဖတ်သတ်ခရာသံတွေ
ကွင်းလုံးပြည့်ဆူညံ
ပန်းခင်းကြီးကပြောတယ်
ဘယ်သူခူးဖို့ အတွက်မှ
ူသူတို့ လှနေတာမဟုတ်ဘူးတဲ့
ဖြစ်တတ်ပါတယ်….
စိတ်ဟာ
ဘယ်လောက်မြင့်ပြီလဲ
သိချင်ရင်
တံတွေးထွေးထွေးကြည့်ချင်တယ်
အဖုံးဖွင့်ထားသလောက်တောင်
လုံခြုံမှု့ မရှိတော့လည်း
မျှော်လင့်ချက်ဆိုတဲ့မောင်းက
တစ်ခုခုဆို
ကိုယ့်ခေါင်းကိုပဲပြန်ပြန်ချောင်းနေတယ်
ဒေါင်ကျကျ…
ပြားကျကျဆိုမှ
ပြန်ကိုကျမလာတော့ဘူး..
ရူးမိရူးရာ…..
ကိုယ့်ကိုယ်ကိုပြန်ရှာမှ
စိတ်ကူးယဉ်အိပ်မက်ကအစ
အဖြူအမည်းဖြစ်မှန်းသိရတယ်
ဇွန်းခက်ရင်းကိုင်အောင်ပွဲနဲ့ 
လူ့ ယဉ်ကျေးခေါင်းစဉ်တွေကြား……
သက်တံတွေခြေခင်း
ဘုံခုနစ်ဆင့်တွေနဲ့ ပစ်ပေါက်ရင်း
သေမင်းနဲ့ တနှစ်နီးလာတဲ့
အခမ်းအနားတွေကြား…….
နောက်တနေ့ 
ညကိုညလိုမမြင်ရဖို့ 
ဖယောင်းတိုင်မီးမှုတ်လိုက်တဲ့သူတွေအကြောင်း
ရေးကြီးခွင်ကျယ်လုပ်ပြီးသိတဲ့သူ
ရှားတယ်……..။
ပြောလို့ ရပါတယ်……..
ကိုယ့်ကံနဲ့ ကိုယ့်ပဲ။
ပြောလို့ ရပါတယ်……..
ဒူးဟာဒူးတော်ဟာတော်ပဲ။
မှန်ပါတယ်……
စာနာမှု့ ဆိုတာ
အလွယ်တကူကောက်တပ်ကြည့်တိုင်း
မြင်ရမယ့်
မျက်မှန်မျိုးမှမဟုတ်ပဲ……။
ထားလိုက်ပါ…..
ဒီကဗျာကို
တစ်ချို့ရယ်ကြလိမ့်မယ်
တစ်ချို့ဖယ်ကြလိမ့်မယ်
တစ်ချို့တွေးကြလိမ့်မယ်
တစ်ချို့ပိုဝေးကြလိမ့်မယ်
နောက်မကျပါဘူး….အမှန်တရားရယ်
ကျုပ်တို့ ကိုကစောလွန်းခဲ့တာပဲ…..။

terry(4.1.2012)11;00pm

ထမင်းလုံးတစ္ဆေ

လက်ဆုပ်လက်ကိုင်မရှိတဲ့ဒေသကို
အာရုံငါးပါးလုံးစိတ်ဖော့
အတိတ်ဟာ
ကယောင်ချောက်ခြားကမ်းကပ်လာတယ်
ငါမရယ်ပါရစေနဲ့ 
ငါမငိုပါရစေနဲ့ 
လိပ်ပြာစောင့်သောဝတ်မှုံအတွက်
ကဆုန်ပေါက်ပြေးလာတဲ့
ပြည်တော်ဝင်ခန်းဟာ
ရုံစောင့်ကြီးတစ်ယောက်သာဖြစ်တယ်
မယုံပါနဲ့ ………….
အသားကျချုပ်နှောင်မှု့မှာလွပ်လပ်မှု့သေသွားတာ
မယုံပါနဲ့ …………..
လိုအပ်မှု့နာမ်စားနဲ့ အချစ်စစ်မှားနေတဲ့ကဗျာကို
သူမရပ်ဝန်းမှာ
ကျွန်တော်ဟာဘယ်တော့မှမရင်းနှီးနိုင်တဲ့မြင်ကွင်း
နံရံတွေဟာနားသာထောင်ပြီးပြန်မပြောတတ်ခဲ့
စကားဝါပန်းလေးလိုသူမကျွန်တော့ကိုချစ်တယ်
ကျွန်တော့လိုပဲသူမကချစ်သူကိုချစ်တယ်
အထိမ်းအမှတ်အနေနဲ့ ငါဟက်ဟက်ပက်ပက်ငိုချင်တယ်
အတွင်းပူလောင်နေတဲ့ရိုးပြတ်ဟာ
တံငါသည်အလာကို
လက်ချိုးပြီးပတပ်ရပ်နေသလိုမျိုး….။
terry(14.12.2011)11;00pm
terrytinaung@gmail.com